UDP ပါတီ ဥက္ကဌ ဦးကျော်မြင့်ကိုဖမ်းဆီးလိုက်ပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

UDP ပါတီ ဥက္ကဌ ဦးကျော်မြင့်ကိုဖမ်းဆီးလိုက်ပြီ

နှင်းဆီပါတီခေါ် UDP ပါတီဥက္ကဌဦးကျော်မြင့်ကို ဖမ်းဆီးထိန်းသိမ်း လိုက်တယ်လို့ သိရပါတယ်။

၃၀.၉.၂၀၂၀ ရက်နေ့မနက် ၁၂း၃၀ အချိန် က ပန်းလှိုင်အိမ်ရာ ကနေအိမ်မှာဖမ်းဆီး လိုက်တာဖြစ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ အရ အမှုဖွင့်အရေးယူထားကြောင်းအမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ဦးကျော်မြင့်ဟာ ထောင်ကထွက်ပြေးထားတဲ့ရဲဘက်ပြေးဖြစ်တဲ့အတွက် ရဲဝရမ်းနဲ့ ဖမ်းတာ ဖြစ်ပြီး ကျန်တာတွေကိုဆက်လက် စိစစ် ဖော်ထုတ်ဆဲ ဖြစ်တယ်လို့ သိရပါတယ် ။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ မှာ မည်သူမဆို ပြစ်မှုအတွက် ဥပဒေနှင့်အညီ ချုပ်ထားရာမှ ထွက်ပြေးလျှင်၊ သို့တည်းမဟုတ် ထွက်ပြေးရန် အားထုတ်လျှင်၊ ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားပါတယ်။

နှင်းဆီပါတီဟု လူသိများသော ညီညွတ်သောဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့် အား ယမန်နေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အတည်ပြု ပြောဆိုသည်။

“Confirmed ဖြစ်ပါတယ်။ မနေ့ညက ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၂၄) အရ အမှုဖွင့်ထားတဲ့ ရဲဘက်ပြေး ဖြစ်တဲ့အတွက် ရဲဝရမ်းနဲ့ ဖမ်းတာ ဖြစ်ပါတယ်” ဟု အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုင်ငံတော်သမ္မတအိမ်တော် သတင်းထောက်များသို့ ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲဆန္ဒနယ် ဒုတိယအများဆုံး ဝင်ပြိုင်မည့် နှင်းဆီပါတီ ဥက္ကဋ္ဌ၏ ထောင်ပြေးအမှုကို လုံခြုံရေး အဖွဲ့အစည်းများက စုံစမ်း စိစစ်နေသည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •