Volunteer အဖြစ်ပါဝင် ကူညီ လိုသူများ ၈၈မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံးသို့ ဆက်သွယ်ပါ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Volunteer အဖြစ်ပါဝင် ကူညီ လိုသူများ
🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝
Covid 19 ထိန်းချုပ် ကာလအတွင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း သို့ စာရင်းပေး သွင်းလာသော Volunteer များကို မြောက်ဥက္ကလာပ မြို့နယ် Covid 19 Community Center တွင် မြောက်ဥက္ကလာပ ဆေးရုံမှ ဆရာဝန်ကြီးများ က PPE သင်တန်းပေးရာ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း မှ ခေါင်းဆောင် ဦးဂျင်မီ က Volunteer များ၏ လုပ်ငန်းဆောင်တာများနှင့် လိုက်နာရမည့် စည်းကမ်းများ ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

Volunteer အဖြစ်ပါဝင် ကူညီ လိုသူများ

၈၈မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံး

လိပ်စာ – အမှတ် (၁၄၈) ၊ ၄(က) ၄လွှာ၊ ဝေဇယန္တာလမ်း ၊ အပိုင်း ၁၆/၂ ရပ်ကွက် ၊
သင်္ဃန်းကျွန်း မြို့နယ် ၊ ရန်ကုန်။
ဆက်သွယ်ရန် –
ဖုန်းနံပါတ် -၀၉၇၃၀၈၁၇၀၁
ဖုန်းနံပါတ် -၀၉၃၃၈၃၈၈၈၈

သို့ စာရင်းပေး ဆက်သွယ် နိုင်ပါသည်။ ပေးပို့ရမည့်အချက်အလက်များမှာ
၁. အမည်
၂. အသက်၊
၃. လိပ်စာ၊
၄. ဖုန်းနံပါတ်

လုပ်ငန်းဆောင်တာများ

Quarantine ဝင်နေသူများထံ ထမင်းပို့ ၊ အမှိုက်သိမ်း၊ ရေသန့်ဘူး ပို့ပေးခြင်း၊ အမှိုက်အိတ်များ ပို့ပေးခြင်းများနှင့်ပိုးသတ်ဆေးဖြန်းခြင်း၊ Quarantine ဝင်နေသူများ၏ လိုအပ်ချက်များ
ကူညီပေးရမည်။။

Quarantine ဝင်နေသူများ၏သက်ဆိုင်ရာမိသားစုဝင်များ၊ ဆွေမျိုးအသိုင်းအဝိုင်းများ ပေးပို့လာသော ပစ္စည်းပစ္စယများကို စစ်ဆေးထိန်းသိမ်းပေးခြင်း၊ သတ်မှတ်ရက်အတွင်း ပစ္စည်းများကို လက်ခံပေးခြင်း၊ ပေးပို့ခြင်းများကို ဆောင်ရွက်ရမည်။

Quarantine Center ၏ အဝင်အထွက် လုံခြုံရေး နှင့် ကျန်းမာရေးလမ်းညွှန်ချက် စည်းကမ်းများကို လိုက်နာရမည်။

မိမိတို့၏တစ်ကိုယ်ရေသုံးပစ္စည်းများသာ ယူဆောင်လာရမည် ဖြစ်ပြီး အိပ်ယာ၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံ၊ ဆပ်ပြာရည်၊ ဆပ်ပြာခဲအစရှိသည်များကို ပေးပါမည်။

Quarantine Center များက စားသောက်မှုအပိုင်းကိုလည်း တာဝန်ယူပေးပါသည်။

လိုက်နာရမည့်စည်းကမ်းချက်များ

၁. အရက်သေစာ၊ ဆေးလိပ်၊ ကွမ်းများကို ရှောင်ကြဉ်နိုင်ရမည်။

၂. Quarantine Center တွင် သတ်မှတ်ထားသည့် ရက်အတိုင်း အပြည့် နေထိုင်နိုင်ရမည်။

၃. မိဘ (သို့) အုပ်ထိန်းသူခွင့်ပြုချက်ကို ရယူရမည်။

၄. အသက် (၁၈) နှစ် နှင့် (၄၀) အတွင်း ရှိသူ ဖြစ် ရမည်။

၅. အတတ်နိုင်ဆုံး ယဥ်ကျေးပျူငှာစွာ စကားပြောဆိုဆက်ဆံ နိုင်ရမည်။

၆. ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း နေရမည်။

​လေးစားလျက် ပြန်လည်မျှ​ဝေပါတယ်။

​မောင်သိန်း(ဒဿနိက)
၁၁.၁၀ ၂၀၂၀


Spread the love
  •  
  •  
  •  
  •  
  •  
  •