💉 WHO က #ကိုဗစ်ကာကွယ်ဆေးဒီနှစ်ကုန်မှာအဆင်သင့်ဖြစ်နိုင်တယ်လို့ ဆိုလိုက်ပါတယ်။
ဘယ်နိုင်ငံထုတ်ဆိုတာ WHO ရဲ့ ဒါရိုက်တာချုပ် Tedros ကထည့်ပြောမသွားပါ။
Tedros က ခေါင်းဆောင်အားလုံးကို ညီညီညွတ်ညွတ်နဲ့ နိုင်ငံရေးကတိကဝတ်တွေပြုဖို့ တောင်းဆိုလိုက်ပါတယ်။
🇪🇺 ဥရောပသမဂ္ဂရဲ့ ကျန်းမာရေးအာဏာပိုင်အဖွဲ့က Oxford/AstraZeneca ရဲ့ ကာကွယ်ဆေးကို အချိန်နဲ့တပြေးညီ ဆန်းစစ်သုံးသပ်နေတယ်လို့ ပြီးခဲ့တဲ့အပတ်က ဆိုလိုက်ပါတယ်။
ဒီနေ့ အင်္ဂါနေ့မှာတော့ Pfizer/BioNTech ရဲ့ကာကွယ်ဆေးကိုလည်း အချိန်နဲ့တပြေးညီ ဆန်းစစ်သုံးသပ်နေတယ်လို့ ဆိုလိုက်ပါတယ်။
သဘောက #ကာကွယ်ဆေးကိုအတည်ပြုဖို့လုပ်ငန်းစဉ်အရှိန်မြန်ဆန်လာတဲ့သဘောပါ။
အခု WHO ကဦးဆောင်နေတဲ့ COVAX ကာကွယ်ဆေးရရှိရေးအစီအစဉ်အရ စမ်းသပ်ဆဲကာကွယ်ဆေး ၉ မျိုးကို #အောင်မြင်ခဲ့ရင်နောက်နှစ်မကုန်ခင်မှာ တစ်ကမ္ဘာလုံးမှာ သန်း ၂၀၀၀ လောက်ဖြန့်ဝေနိုင်ဖို့ရည်ရွယ်ထားပါတယ်။
🇨🇳 တရုတ်ပြည်ကလည်း သူတို့ရဲ့ကာကွယ်ဆေးကို WHO က စစ်ဆေးပြီး WHO ရဲ့အရေးပေါ်သုံးခွင့် Emergency Use List ထဲထည့်ပေးဖို့ ပန်ကြားထားပါတယ်။
ခက်နေတာက သူတို့ရဲ့ဆေးဟာလည်း တရုတ်နိုင်ငံထဲကဝန်ထမ်းတွေကို ထိုးပေးနေပေမယ့် လူမှာစမ်းသပ်မှုနောက်ဆုံးအဆင့် clinical trials ကို #မပြီးသေးတာဖြစ်ပါတယ်။
🇮🇳 အိန္ဒိယဝန်ကြီးချုပ်မိုဒီကတော့ စက်တင်ဘာလကုန်က #လူသားအားလုံးကာကွယ်ဆေးရရှိဖို့ အိန္ဒိယက ကာကွယ်ဆေးထုတ်လုပ်ရေးစက်ရုံတွေကနေ အစွမ်းကုန်ကူညီမယ်လို့ ကတိကဝတ်ပြုခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် WHO က အခုလို ဒီနှစ်ကုန်မှာ ကာကွာ်ဆေးအဆင်သင့်ဖြစ်မယ်လို့ ကြေညာခြင်းဟာ ကာကွယ်ဆေးရဖို့အတော်နီးစပ်လာပြီဆိုတဲ့ သတင်းကောင်းတစ်ခုပါ။
ကျနော်တို့ဆီကို ဘယ်တော့ရောက်မလဲဆိုတာက အတိအကျမသိရသေးပါ။
https://www.facebook.com/109119807474881/posts/168031481583713/?extid=0&d=n
Richard Myo Thant
6-October-2020