WHO က Pfizer-BioNTech ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးလိုက်ပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇺🇳 WHO က Pfizer-BioNTech ရဲ့ကာကွယ်ဆေးကို #အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။

💉 Pfizer-BioNTech ရဲ့ ကိုဗစ်ကာကွယ်ဆေးဟာ WHO ရဲ့ emergency use listing (EUL) အရေးပေါ်အသုံးပြုခွင့်စာရင်းထဲမှာ ပထမဦးဆုံးပါလာပြီဖြစ်ပါတယ်။

အဲ့ဒီအတွက် COVAX alliance ကာကွယ်ဆေးဖြန်ဖြူးရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ထဲမှာ ပါလာပါပြီ။

ဒါ့ကြောင့်ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေကိုရောက်လာဖို့အခွင့်အလမ်းများလာပါတယ်။

သို့ပေမယ့် Pfizer-BioNTech ကာကွယ်ဆေးမှာ သိုလှောင်သယ်ယူပို့ဆောင်ရတာခက်ခဲတာ၊ ဆေးစပ်ရတာ နားလည်ဖို့လိုအပ်တာ စတဲ့ချွင်းချက်လေးတွေရှိနေပါတယ်။

BioNTech က ဥရောပသမဂ္ဂမှာ သူ့ရဲ့ကာကွယ်ဆေးကို တစ်ပုလင်းကိုလူပမာဏပိုထိုးခွင့်ရဖို့ တင်ပြထားပါတယ်။

အရင်က viral တစ်ပုလင်းမှာ လူ (၅) ယောက်စာလို့ သတ်မှတ်ထားပေမယ့် အခုလူ (၆) ယောက်စာအထိတိုးသုံးလို့ရအောင် ဆေးအလဟသမဖြစ်ပဲချွေတာနိုင်အောင် တင်ပြထားတာဖြစ်ပါကြောင်း။

Richard Myo Thant
1-January-2021


Spread the love
  •  
  •  
  •  
  •  
  •  
  •