WHO ရဲ့ ကိုဗစ်ဖြစ်ပွားမှုအစ စုံစမ်းစစ်ဆေးရေးအဖွဲ့လုပ်ငန်းစတင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇨🇳တရုတ်ပြည်ဝူဟန်မြို့ကိုရောက်ရှိနေတဲ့ WHO ရဲ့ #ကိုဗစ်ဖြစ်ပွားရာအစရှာဖွေစုံစမ်းရေးအဖွဲ့ဟာ ယနေ့နေ့လည်ခင်းမှာ ဟော်တယ် Q ဝင်တာ (၁၄) ရက်ပြည့်ပြီဖြစ်ပါတယ်။

WHO အဖွဲ့ဟာဟော်တယ်ကထွက်ခွာပြီး ဘတ်စကားပေါ်တက်သွားတာတွေ့လိုက်ရပါတယ်။

ဟော်တယ် ကွာရန်တင်းဝင်နေစဉ် (၁၄) ရက်အတွင်းမှာ တရုတ်ပညာရှင်တွေနဲ့ အွန်လိုင်းကနေမီတင်ထိုင်ခဲ့ကြပါတယ်။

အခုတော့ လေ့လာဖို့လိုအပ်တဲ့နေရာတွေကိုဆက်လေ့လာမှာဖြစ်ပါတယ်။

WHO ရဲ့ ကိုဗစ်ဖြစ်ပွားမှုအစ စုံစမ်းစစ်ဆေးရေးအဖွဲ့စေလွတ်ဖို့ကိစ္စဟာ ကိုဗစ်ဖြစ်တာတစ်နှစ်ကျော်ကြာတဲ့တိုင်အောင် နှောင့်နှေးခဲ့ရပြီး လွန်ခဲ့တဲ့ နှစ်ပတ်ကမှ သွားခွင့်ရခဲ့တာပါ။

ဒီကိစ္စဟာနိုင်ငံရေးပါဝင်ပတ်သက်မှုတွေများတယ်လို့ ပါဝင်လိုက်ပါသွားတဲ့အဖွဲ့သားတွေကဆိုပါတယ်။

🇨🇳တရုတ်ဘက်က သူတို့ပညာရှင်တွေဟာ ပေကျင်း၊ ရှန်ဟိုင်းနဲ့အခြားမြို့တွေမှာ အခုရောဂါဖြစ်တာနဲ့ နပမ်းလုံးနေရပြီးမအားဘူးလို့ဆိုပါတယ်။

ဝူဟန်မြို့ရှိ မနှစ်က ကိုဗစ်နဲ့သေဆုံးခဲ့ရသူတွေရဲ့ဆွေမျိုးတွေက WHO အဖွဲ့နဲ့တွေ့ခွင့်တောင်းခဲ့ပေမယ့် တရုတ်အာဏာပိုင်တွေက ပေးမတွေ့ဘူးလို့ဆိုပါတယ်။

တရုတ်ဆိုရှယ်မီဒီယာတွေမှာ သူတို့ရဲ့ Group တွေကို အာဏာပိုင်တွေက ဖယ်ရှားပြီး အသံတိတ်အောင်လုပ်နေတယ်လို့ဆိုပါတယ်။

မိသားစုဝင်တွေ (၁၀၀) လောက်ပြောဆိုနေတဲ့ WeChat Group ဟာ လွန်ခဲ့တဲ့ ၁၀ ရက်က delete လုပ်ဖယ်ရှားခံခဲ့ရပါတယ်တဲ့။

ဒါဟာ အာဏာပိုင်တွေရဲ့ကြောက်လန့်မှုကို့ပြနေတယ်လို့ အသက် ၅၁ နှစ်ရှိ Zhang Hai ကဆိုပါတယ်။

အာဏာပိုင်တွေရဲ့သတင်းအမှောင်ချခြင်းကြောင့် သူတို့မိသားစုဝင်တွေဟာ သတင်းအမှန်မသိရတဲ့အတွက်မသေသင့်ပဲသေခဲ့ရတယ်ဆိုပြီး မကျေနပ်ကြတာဖြစ်ပါတယ်။

Richard Myo Thant
28-January-2021


Spread the love
  •  
  •  
  •  
  •  
  •  
  •