YBS ယာဉ်လိုင်းများ ၂၀ရက်နေ့ရပ်နားမည်ဆိုသည်မှာ ကောလဟလသာဖြစ်ဟု YUPT တာဝန်ရှိသူပြော

Spread the love
  •  
  •  
  •  
  •  
  •  
  •  

YBS ယာဉ်လိုင်းများ ၂၀ရက်နေ့ရပ်နားမည်ဆိုသည်မှာ ကောလဟလသာဖြစ်ဟု YUPT
ကုမ္ပဏီမှ ဒုအထွေထွေမန်ဂျာက ဆို

ရန်ကုန် ၊ စက်တင်ဘာ ၂၀

YBS ယာဉ်လိုင်းများအားလုံး ပုံမှန်ပြေးဆွလျှက်ရှိပြီး လူမှုကွန်ယက်စာမျက်နှာတွင် က်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းမှစ၍ ယာဉ်လိုက်းများ အားလုံးရပ်နားမည်ဆိုသည်မှာ ကောလဟလ သတင်းမှားသာဖြစ်ကြောင်း YUPT (ရုံးချုပ်)မှ သိရသည်။

” YBS ယာဉ်တွေရပ်နားမယ်ဆိုတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ဆီကို အခုအချိန်အထိ ရပ်နားဖို့ညွှန်ကြားချက် မထွက်သေးပါဘူး၊ ရပ်ဖို့အစီအစဉ်မရှိပါဘူး၊ YBS လိုင်းကားအားလုံးထွက်ပေးနေပါတယ်၊ ဒါပေမယ့် ပုံမှန်အတိုင်းပြေးဆွဲနေတာတော့မရှိဘူး၊ ဘြာေုကာင့်လည်းဆိုတော့ လမ်းပေါ်မှာ လူသိပ်မရှိဘူး၊ ထွက်နေတဲ့ကားတေခအနေနဲ့ကလည်း ခါလီ ပဲထွက်နေတဲ့အခါကျတော့ ချိန်ဆပြီး ထွက်ပေးနေတယ်၊ နောက်တစ်ခုက ပြင်ဆင်အပိုင်းမှာကျတော့ ပစ္စည်းကဝယ်လို့မရတာတွေရှိနေတယ်။

ဒါကြောင့် ၅၀ ရာခိုင်နှုန်းတော့ ေပြးဆွဲပေးနေပါတယ်။ လရီးသွားလာမှုနည်းပါးတဲ့အတွက် အဲ့ဒီလိုဖြစ်သွားတာ၊ ခရီးသွားလာမှုယစိပ်ရင်စိပ်သလို တိုးချဲ့ပြေးဆွဲဖို့ မျက်
ခြည်မပြတ်ကွင်းဆင်း စောင့်ကြည့်ပြီး စီမံခန့်ခွဲလျှက်ရှိပါတယ် ” ဟု Y.U.P.T ၏ DGM ဦးအေးသောင်းကပြောသည်။

YBS ယာဉ်များ ပြေးဆွဲချိန်နှင့်ပတ်သက်၍
မနက်ပိုင်း ဂိတ်ဖွင့်ချိန် ပုံမှန်အတိုင်းပြေးဆွဲပေ
းလျှက်ရှိသော်လည်း ဂိတ်ပိတ်ချိန်ကို ယခင်
သတ်မှတ်ထားသည့် အချိန်ထက် နာရီဝက်
နောက်ဆုတ်၍ ပိတ်သိမ်းခြင်းမှာ၊ မြို့ထဲလမ်
းပေါ်တွင် ည ၈နာရီဆိုလျှင် လူမရှိတော့၍ဖြစ်
ကြောင်း၊ ခရီးသည်များပုံမှန်သွားလာနိုင်ရေးမှာ ပြည်သူတိုင်းက ကျန်းမာရေးအသိရှိရန်လို
ပြီး ကိုယ်တိုင်လိုက်နာဆောင်ရွက်မှသာလျှင်
ရောဂါဆိုးကြီးက ပျောက်ကင်းသွားမည်ဖြစ်
ပြီး၊ ပေါ့ပေါ့လျော့လျော့ နေကြမည်ဆိုပါက
ရောဂါကပ်ဆိုးကြီးက ပျောက်ကင်းသွားမှာမ
ဟုတ်သဖြင့်လူတိုင်း ကျန်းမာရေးအသိရှိနေဖို့
လိုအပ်ကြောင်း၊ ခရီးသွားပြည်သူများ ရောဂါ
ကပ်ဘေးကင်းစင်သည့်အချိန်တွင် YBSယာဉ်
များ စီးရေပြည့် ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ေ
ကြာင်း ၄င်းက ဖြည့်စွက်ပြောဆိုသည်။

ရန်ကုန်မြို့တွင်းသို့ Y.U.P.Tကုမ္ပဏီမှယာဉ်လိုင်းပေါင် း(၂၃)လိုင်း ပုံမှန်ပြေးဆွဲလျှက်ရှိပြီး၊ကိုဗစ်ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ယာဉ်မောင်းနှင်သည့် ယာဉ်မောင်းများ ကိုMask တပ်ပြီးမှသာ မောင်းနှင်စေရန်၊ ခရီးသည်များကိုလည်း Mask မတပ်လျှင် ယာဉ်ပေါ်သို့တက်ခွင့်မပြုရန် ကားပေါ်တွင် စတစ်ကာများ ကပ်ပေးထားကြောင်း၊ ပြေးဆွဲနေသောခရီးသည်တင် ယာဉ်များကို နေ့စဉ် နံနက်တစ်ကြိမ် ၊ ညနေတစ်ကြိမ် ပိုးသတ်ဆေးဖြန်းခြင်းများပုံမှန်လုပ်ဆောင်လျှက်ရှိကြောင်းသိရသည် ။

မင်းထွဏ်း


Spread the love
  •  
  •  
  •  
  •  
  •  
  •