YUPT လက်အောက်ခံ YBS ယာဥ်လိုင်းတွေဖြစ်တဲ့ ၃၆ ယာဥ်လိုင်း ၃ လိုင်း ကားမထွက်ပဲ ဆန္ဒပြ
YUPT လက်အောက်ခံကားလိုင်းဖြစ်တဲ့ ၃၆ ယာဥ်လိုင်း၃လိုင်းက ယာဥ်မောင်း ၃၈ ဦး ဟာ ကားမောင်းကြေးတွေလျော့ချထားတာမို့ သြဂုတ်လ ၁၇ရက်နေ့ မနက်က စတင်ပြီး ယာဥ်မောင်းနှင်ခြင်းမပြုတော့ဘဲ ဆန္ဒပြခဲ့ကြပါတယ်။
ဒါပေမယ့် သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူတွေက ဆန္ဒပြတဲ့ယာဥ်မောင်းတွေကို ညှိနှိုင်း ခြင်းမပြုပဲ အခြား ယာဥ်မောင်းတွေကိုခေါ်ယူလာပြီး အစားထိုးမောင်းနှင် ခိုင်းခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြရတဲ့အကြောင်းအရင်းကို ၃၆လိုင်း ယာဥ်မောင်းတွေကရှင်းလင်းပြောပြခဲ့ကြပြီး နေ့လည်၁၂နာရီမှာတော့ ၃၆အောင်မင်္ဂလာ၊ထောက်ကြံ့ ၊ရွှေပေါက်ကံ၊၂၉ လိုင်း၊၂၈ ဒဂုံ၊၂၄ဒဂုံ၊ ၁၀ဒဂုံ၊ ၇ ကျီစု / ရိုးမ၃ ယုဇန၊လိုင်းများမှ ယာဉ်မောင်းတွေဟာ ဒဂုံတက္ကသိုလ်ကျောင်းဝင်းအတွင်းမှာသတင်းစာရှင်းပွဲလုပ်မယ်လို့သိရပါတယ်။
၃၆ ယာဥ်လိုင်းဟာ ရွှေပေါက်ကံ-ဆူးလေ ၊ အောင်မင်္ဂလာ – ဆူးလေ နဲ့ ထောက်ကြန့် – ဆူးလေ ဆိုပြီး လိုင်းခွဲ၃ခုရှိပါတယ်။