Zoom ဖြင့် online မှ စာသင်ကြားနေရင်းလဲကျသေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

💻 👩‍🏫 Zoom ဖြင့် online မှ #စာသင်ကြားနေရင်းလဲကျသေဆုံး။

🇦🇷 အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့ မှ Professor Paola De Simone ဟာ ဗုဒ္ဓဟူးနေ့က online ကနေ တက္ကသိုလ်ကျောင်းသားတွေကို စာသင်ကြားပို့ချနေရင်း “I can’t” လို့ပြောကာလဲကျသေဆုံးသွားပါတယ်။

Paola De Simone ဟာ အသက် ၄၆ နှစ်ပဲရှိသေးပြီး Universidad Argentina de la Empresa မှ ပါမောက္ခဖြစ်ပါတယ်။

သူမဟာ Covid-19 ကူးစက်ကာ ရက်သတ္တပါတ်အနည်းငယ်အကြာ ရောဂါလက္ခဏာအချို့ကို ခံစားနေရသူဖြစ်ပါတယ်။

online မှ Zoom ဖြင့်စာသင်ကြားနေရင်း #အသက်ရှုရခက်လာတဲ့အတွက် ကျောင်းသူကျောင်းသားတွေက သူမရဲ့လိပ်စာကိုမေးခဲ့ကြပါတယ်။

အကူအညီပေးဖို့လိပ်စာမေးစဉ်မှာပဲ သူမက “I can’t” လို့ပြောကာလဲကျသေဆုံးသွားတာဖြစ်ပါတယ်။

သူမရဲ့အမျိုးသားက ဆရာဝန်ဖြစ်ပြီး Covid-19 အတွက် အလုပ်တာဝန်တွေပိုပြီးထမ်းရွက်နေရလို့ အိမ်မှာမရှိပါဘူး။

သမီးငယ်တစ်ယောက်ရှိပြီး အဲ့ဒီအချိန်က အိမ်မှာရှိမရှိမသိရပါ။

ကျောင်းသားတွေ၊ အသိမိတ်ဆွေတွေနဲ့ မိသားစုတွေက Covid ဖြစ်နေပေမယ့် ကျောင်းသားတွေကို တတ်နိုင်သလောက် online ကနေ စာသင်ပေးခဲ့တဲ့အတွက် #သူမရဲ့စိတ်ဓာတ်နဲ့စေတနာကို ချီးကျူးကြပါတယ်။

Richard Myo Thant
5-September-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •