Zoom (သို့မဟုတ်) အချစ်ကနေမွေးဖွားလာသောဖန်တီးမှုတစ်ခု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Zoom (သို့မဟုတ်) အချစ်ကနေမွေးဖွားလာသောဖန်တီးမှုတစ်ခု

ဟိုး… လွန်ခဲ့တဲ့ 1987 ခုနှစ်လောက်က ကောလိပ်ကျောင်းသားလေးတစ်ယောက်ဟာ သူ့ချစ်သူကောင်မလေးရဲ့မျက်နှာကိုမြင်ရဖို့အတွက် မိုင်ပေါင်းများစွာကို ရထား 10 နာရီလောက်စီးပြီးသွားခဲ့ရပါသတဲ့။

ဗွီဒီယိုနဲ့ လှမ်းပြီးတွေ့ဆုံလို့ရရင်ကောင်းမှာပဲလို့ တွေးခဲ့ရာက ဒီနေ့ Zoom ဖြစ်ပေါ်လာခဲ့တာပါပဲ။

အခုတော့လည်း 🎼 “မိုင်ထောင်သောင်းဝေးပါစေ….. Zoom သာရှိနေရင်…. 🎼 နီးနီးလေး…. ဖြစ်နေပါပြီ။

COVID-19 ကာလမှာ တကမ္ဘာလုံးကို ချိတ်ဆက်ပေးနေတာက Zoom ဖြစ်ပါတယ်။

Zoom ကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ အစည်းအဝေးလုပ်ဖို့ နေရာတိုင်းမှာသုံးလာကြပြီး “Let’s Zoom” ဆိုတဲ့ ဝေါဟာရတောင်ခေတ်စားလာခဲ့ပါတယ်။

Zoom ရဲ့ တည်ထောင်သူလည်းဖြစ်ပြီး CEO လည်းဖြစ်သူ Eric S. Yuan အဲရစ်ယွမ်ရဲ့ အတွေ့အကြုံလေးတွေကို အားလုံးအတွေ့အကြုံရအောင် ပြန်ရှယ်ပေးချင်ပါတယ်။

Zoom ဆိုတာ #ဘာလဲသိအောင်နည်းနည်းရှင်းပြပါမယ်။

Zoom ဆိုတာဟာ ကုမ္ပဏီကြီးတွေရော၊ မိသားစုချင်းမှာရော အွန်လိုင်းပေါ်ကနေ ဆက်သွယ်ဆုံတွေ့စကားပြောလို့ရတဲ့ ဆော့ဝဲလ်ပါ။

ဗွီဒီယိုလည်းမြင်ရမယ်၊ အသံလည်းကြားရမယ်။ ကိုယ့်ကွန်ပျူတာပေါ်က ပြချင်တာကိုလည်းပြလို့ရမယ်။

စာသင်တာ၊ အစည်းအဝေးထိုင်တာကအစ မင်္ဂလာဆောင်တာ၊ တရားရုံးအမှုတွေဆုံးဖြတ်တာအဆုံး အွန်လိုင်းပေါ်ကနေ လူကိုယ်တိုင်လာစရာမလိုပဲ Zoom နဲ့ ဆုံတွေ့လို့ရမယ်။

အရင်တုန်းက ကျနော်တို့က WebEx ကို သုံးကြပါတယ်။ Zoom က အားလုံးကို သက်သက်သာသာနဲ့ ဗွီဒီယိုပါသုံးလို့ရစေပါတယ်။

#အဲရစ်ရဲ့စိတ်ကူးအိမ်မက်။

အဲရစ်ကောလိပ်ကျောင်းသားဘဝမှာ တရုတ်ပြည်ထဲမှာ သူ့ရည်းစားနဲ့ တစ်ခါတွေ့ရဖို့ 10 နာရီလောက်ရထားစီးပြီး သွားရပါတယ်။

အဲ့ဒီအချိန်ကတည်းက အဲရစ်က လူကိုယ်တိုင်သွားစရာမလိုပဲ #ချစ်သူ့မျက်နှာလေးကို ဗွီဒီယိုကနေမြင်ရရင်ကောင်းမယ်လို့ စိတ်ကူးယဉ်ခဲ့ပါတယ်။

#ဘဝဆိုတာဦးတည်ရာလမ်းကြောင်းပြောင်းသင့်ရင်ပြောင်းရမှာ။

Career path should be change acoordingly.

တကယ်တော့ အဲရစ်နဲ့ Zoom နဲ့က အဝေးကြီးပါ။

အဲရစ်ဟာ သင်္ချာဘာသာနဲ့ကျောင်းပြီးခဲ့ပြီး သတ္တုတွင်းအင်ဂျင်နီယာဘာသာနဲ့ မာစတာဘွဲ့ရခဲ့သူပါ။

မိဘတွေကသတ္တုတွင်းအင်ဂျင်နီယာတွေမို့ သူလည်း ငယ်ငယ်ကတည်း သတ္တုတွေနဲ့ အကျွမ်းဝင်ခဲ့ပြီး သတ္တုတွင်းအင်ဂျင်နီယာဖြစ်လာတာပါ။

ဖြစ်ချင်တော့ 1990 ကာလတွေဟာ အလှည့်အပြောင်းကာလတွေဖြစ်ပါတယ်။ ကွန်ပျူတာပညာဟာခေတ်စားလာသလို လူငယ်တွေဟာ အမြင်ကျယ်လာပါတယ်။

မော်စီတုံးခေတ်တုန်းက အထူးကုဆရာဝန်တွေကို ဒန်အိုးဒန်ခွက်အရည်ကျိုခိုင်းပြီး ပြည်တွင်းကိုသာ အာရုံစိုက်ခိုင်းခဲ့ပေမယ့် 1980 – 1990 လောက်မှာ တရုတ်လူငယ်တွေဟာ မျက်စိပွင့်ကုန်ကြပါပြီ။ ပြည်ပကိုလှမ်းမျှော်ကြည့်တတ်နေကြပါပြီ။

⛩️ အဲရစ်ဟာ ကျောင်းပြီးတော့ ဂျပန်မှာ အလုပ်လုပ်ခဲ့ပြီး 1994 ခုနှစ်မှာ ဘီလ်ဂိတ်ဂျပန်ကိုလာပြီး စကားပြောခဲ့တာတွေကို သဘောကျခဲ့ပါတယ်။

အဲ့ဒါနဲ့ အမေရိကန်ပြည်ထောင်စုကိုပြောင်းပြီး ဘီလ်ဂိတ်တို့ရှိတဲ့ Sillicon Valley ကို အခြေချဖို့ကြိုးစားပါတယ်။

လွယ်တော့မလွယ်ပါ။ ကျောင်းသားဘဝက ရထား 10 နာရီလောက်စီးပြီးသွားတွေ့ရတဲ့ အခုမိန်းမဖြစ်သူနဲ့ ကလေးကိုထားပြီး မိုင်ထောင်သောင်းဝေးတဲ့နေရာကို ထပ်ပြီးစွန့်စားသွားရမယ့် ဘဝလမ်းကြောင်းအသစ်ရွေးချယ်မှုပါ။

အင်္ဂလိပ်စကားကို တစ်လုံးစနှစ်လုံးစပဲပြောနိုင်တဲ့ အဲရစ်ကတော့ ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲခက်ခက် သူ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ပြီးသားပါ။

🇺🇸 အမေရိကန်ကို ဗီဇာလျှောက်ရာမှာ အကြိမ်ကြိမ်ငြင်းပယ်ခံရပြီး နောက်ဆုံး 9 ကြိမ်မြောက်မှာမှ ဗီဇာရခဲ့ပါတယ်။

အဲ့ဒါနဲ့ 1997 ခုနှစ်မှာ သူဟာ Sillicon Valley ကိုရောက်လာပြီး WebEx ဆိုတဲ့ ဗွီဒီယိုနဲ့ ချိတ်ဆက်ပေးတဲ့ ကုမ္ပဏီမှာဝင်အလုပ်လုပ်ခဲ့ပါတယ်။

10 နှစ်ကြာတဲ့အခါ WebEx ကို Cisco Systems က ဝယ်ယူလိုက်တဲ့အခါမှာ အဲရစ်ဟာ Vice President of Engineering ဖြစ်နေပါပြီ။

10 နှစ်အတွင်းမှာ အလုပ်ကိုအပြင်းအထန်ကြိုးစားပြီး သင်္ချာနဲ့ကျောင်းပြီးကာ သတ္တုတွင်းအင်ဂျင်နီယာဘာသာနဲ့ မာစတာဘွဲ့ယူလာတဲ့သူက အင်္ဂလိပ်စကားမတောက်တခေါက်နဲ့ အမေရိကန် ကုမ္ပဏီကြီးမှာ Vice President of Engineering ရာထူးကို ယူနိုင်ခဲ့ပါပြီ။

ဒီလိုအရယူဖို့ သွေးချွေးတွေ အများကြီးပေးဆပ်ခဲ့ရမှာ သေချာပါတယ်။

#Management_မကောင်းတဲ့ကုမ္ပဏီမှာအလုပ်လုပ်ရတိုင်းကံဆိုးခြင်းမဟုတ်။

2011 မှာ အဲရစ်က စမတ်ဖုန်းကနေ ဗွီဒီယိုနဲ့ ချိတ်ဆက်ပြီးဆက်သွယ်လို့ရတဲ့စနစ်တစ်ခုကို အဆိုပြုခဲ့ရာမှာ Cisco Systems ရဲ့ management ကငြင်းပယ်ခဲ့ပါတယ်။

WebEx ကိုသုံးနေတဲ့ ကာစတန်မာတွေက အဆင်မပြေတာတွေရှိတယ်လို့ သူ့ကိုပြောလာလို့ သူက solution အသစ်ထုတ်ဖို့ကြိုးစားခဲ့တာပါ။

အဲ့ဒီမှာ အဲရစ်ဟာ သူ့ငယ်စဉ်က စိတ်ကူးကို အကောင်အထည်ဖော်ဖို့အတွက် အချိန်ရောက်ပြီလို့ ယူဆပြီး အလုပ်ကနေ ရဲရဲတင်းတင်းထွက်ပစ်လိုက်ပါတယ်။

2011 ခုနှစ် June လမှာ အဲရစ်ဟာ Cisco ကထွက်ပြီး Zoom Video Communications ကို ထူထောင်ခဲ့ပါတယ်။

သူ Zoom ကိုထူထောင်ချိန်မှာ သူ့ရဲ့နောက်ကို အင်ဂျင်နီယာ အယောက် 40 ကျော်လိုက်လာခဲ့ပါတယ်။ ဒါဟာလည်း သူ့ရဲ့ အရည်အချင်းတစ်ခုပါ။

2012 မှာ Zoom platform ကို လူတွေသုံးဖို့ စပြီးချပေးနိုင်ခဲ့ပါတယ်။

Zoom ရဲ့အဆင်ပြေမှုကြောင့် Zoom စထောင်ပြီး ငါးနှစ်အကြာ 2017 ခုနှစ်မှာ တကမ္ဘာလုံးမှာ လူသန်းနဲ့ချီပြီး အသုံးပြုနေကြပြီဖြစ်ပါတယ်။

👉 8 နှစ်အကြာ 2019 ခုနှစ်မှာ Zoom ကို IPO တင်တဲ့အခါမှာ အဲရစ်ဟာ ဘီလျံနာဖြစ်လာခဲ့ပါတယ်။

#မမြင်ရတဲ့ကံကြမ္မာ_COVID

♦️လှံထမ်းလာတာမြင်ရပေမယ့် ကံထမ်းလာတာကို ဘယ်သူမှမမြင်ရပါ။

အဲရစ်ဟာ 2019 ခုနှစ်မှာ Zoom ကို IPO တင်ပြီး ချိန်မှာပဲ 2020 နှစ်ဦးပိုင်းမှာ COVID-19 ဖြစ်လာခဲ့ပြီး တကမ္ဘာလုံးရဲ့လိုအပ်ချက်နဲ့ ကွက်တိကျကာ အချိန်ကိုက်ဖြစ်သွားခဲ့ပါတယ်။

🚀 COVID အစပိုင်း 3 လအတွင်းမှာပဲ အဲရစ်ရဲ့ ချမ်းသာမှုဟာ ဒုံးပျံနဲ့တက်သလို ခုန်တက်သွားတယ်လို့ ဆိုကြပါတယ်။

💵 သူရဲ့ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ 3.5 ဘီလီယံကနေ 10 ဘီလီယံအထိခုန်တက်ခဲ့ပါတယ်။

သူ့ကျေးဇူးနဲ့ ကျနော်တို့တတွေဟာ အိမ်ကမခွာပဲ စျေးသက်သာအဆင်ပြေစွာနဲ့ Video conferencing လုပ်နိုင်နေကြပါပြီ။

သူ့ကျေးဇူးနဲ့ ကျောင်းသားပေါင်းများစွာဟာ COVID ကာလမှာ အွန်လိုင်းကနေ စာသင်နေနိုင်ကြပါပြီ။

Zoom မှာ လိုအပ်ချက်တွေရှိနေသေးပေမယ့် အဲ့ရစ်က အကောင်းဆုံးဖြစ်အောင်ဆက်ကြိုးစားနေမယ့် ကျနော်ယုံကြည်ပါတယ်။

ဘာကြောင့်လဲဆိုတော့ Zoom ရဲ့ Corporate core value က “Care” ဖြစ်နေလို့ပါပဲ။

#အဲရစ်ကြုံခဲ့ရတဲ့ထူးခြားတဲ့ကာစတန်မာအတွေ့အကြုံတစ်ခုကဘာလဲ⁉️

Zoom စကာစမှာ အဲရစ်က Zoom ရဲ့ဝန်ဆောင်မှုကို ရပ်တန့်လိုက်တဲ့ဖောက်သည်တွေကို ကိုယ်တိုင် email ပြန်ခဲ့ပါတယ်။

အဲ့ဒီမှာ ဖောက်သည်က Zoom ရဲ့ CEO ကိုယ်တိုင်က email ပို့တယ်ဆိုတာမယုံပဲ အော်တိုစာပြန်တဲ့စနစ်ကိုသုံးနေတယ်ဆိုပြီး စွပ်စွဲပါတယ်။

နောက်ဆုံး အဲရစ်ကမယုံရင် Zoom ကို သုံးကြည့်လိုက်ပါ။ ကျနော် CEO ကိုယ်တိုင်စာပြန်နေတာကို တွေ့ရပါလိမ့်မယ်ဆိုမှ ငြိမ်သွားပါတယ်။

Moral of the story
~~~~~~~~~~~~
♦️ လူငယ်တွေအနေနဲ့ #အိပ်မက်တွေကိုဆက်လက်အကောင်အထည်ဖော်ဖို့ကြိုးစားပါ။

သင်ဟာအခုအိမ်အကူပဲလုပ်လုပ်၊ တံမြက်စည်းပဲလှဲလှဲ မသေခင်မှာ တစ်ခုခုလုပ်ချင်ခဲ့တာလေးကို သင့်အိမ်မက်တစ်ခုခုကို အကောင်အထည်ဖော်ဖို့ ကြိုးစားပါ။ အဲ့ဒီအတွက် #အချိန်အလုံအလောက်ရှိပါသေးတယ်။

ကျနော့်အယူအဆက ဆင်လည်းဆင့်အထွာနဲ့ ကြွက်လည်းကြွက်အထွာနဲ့ပါ။

🐘 ဆင် အတွက် ငှက်ပျောတောရှိမှဖြစ်ပေမယ့် ကြွက်အတွက်က ငှက်ပျောတစ်ပင်နဲ့ တသက်လုံးစားလောက်ပါတယ်။

👉 ကိုယ့်အတွက် #ကိုယ်လိုချင်တဲ့အိမ်မက်ကလေးတစ်ခု အောင်မြင်ဖို့သာ အဓိကပါ။

♦️ ငယ်တုန်းမှာ နိုင်ငံခြားထွက်နိုင်အောင်ကြိုးစားကြပါ။ #ရေရှည်ကိုကြည့်တတ်ကြပါစေ။

♦️ မိမိအတွက် #မမြင်နိုင်ရတဲ့ကံကြမ္မာဆုလပ်ကြီးကြီးတစ်ခုဟာ အလုပ်ကြိုးစားနေတဲ့သူအတွက် တနေရာရာမှာစောင့်နေတယ်ဆိုတာကို သိရှိထားပါ။

♦️ ဘယ်လောက်ပဲအခက်အခဲတွေနဲ့ မပြည့်စုံမှုတွေရှိနေပါစေ၊ စိတ်ဓာတ်မကျပါနဲ့။ #ဆက်လျှောက်ပါ။

♦️ ဆက်လျှောက်ရင် လမ်းအဆုံးမှာ မမြင်ရတဲ့ဆုလပ်အကြီးကြီးရှိနေစမြဲပါ။ #အဲဒီမမြင်ရတာကိုကစိတ်လှုပ်ရှားစရာ chellenge တစ်ခုပါ။

♦️ အလုပ်ရှင်က ကိုယ်တင်ပြတာတွေကိုသဘောမတူတိုင်း စိတ်မပျက်ပါနဲ့။ #ကြိုးစားမှုသာရှိရင်ကိုယ့်အတွက်နေရာတိုင်းမှာရှင်သန်ကြီးပွားနိုင်ပါတယ်။

ဆက်လက်ပြီး အဲရစ်ရဲ့ start-up #လုပ်ငန်းမစခင်သိထားသင့်တဲ့အကြံပေးချက်ငါးချက်ကို ပြောပြပါမယ်။

၁။ လုပ်ငန်းစတင်တာကနေအောင်မြင်တဲ့အထိ ခရီးဟာ ရှည်ကြာပြီးပင်ပန်းပေမယ့် ပျော်စရာစိတ်လှုပ်ရှားစရာတွေရှိပါတယ်။ စဖို့မကြောက်ပါနဲ့။ #စသာစပါ။

၂။ သင့်အနေနဲ့ Certificate တွေ၊ MBA ဘွဲ့တွေ ရှိနေတဲ့လူတွေကို ငှားဖို့အဓိကမလိုပါ။ #ကိုယ့်ဘာသာကိုယ်နိုးထနိုင်တဲ့ #ကိုယ့်ဘာသာကိုယ်သင်ယူလိုစိတ်ရှိတဲ့ လူမျိုးကိုသာသင်ငှားသင့်ပါတယ်။

၃။ Company culture အနေနဲ့ နံပါတ်တစ် အရေးအကြီးဆုံးက “To get right” ဖြစ်ဖို့ပါပဲ။ ကျန်တာက သူ့ဘာသာသူ အဆင်ပြေသွားပါလိမ့်မယ်။

၄။ သင့်ရဲ့ ဝန်ထမ်းတွေဟာမပျော်ရွှင်လို့ရှိရင် သင့်ကုမ္ပဏီက ဘာလုပ်လုပ်အောင်မြင်ဖို့မလွယ်ပါဘူး။

၅။ Investor ရှာမယ်ဆိုရင် သင့်လုပ်ငန်းအပေါ်ထက် သင့်အပေါ်မှာ invest လုပ်ချင်တဲ့သူကိုရှာပါ။

#အဲရစ်သင်ဘယ်သူနဲ့ မနက်စာ (သို့မဟုတ်) နေ့လည်စာ #စားချင်သလဲလို့မေးတဲ့အခါမှာ…

သူ့အဖေနဲ့အတူစားချင်ပါတယ်တဲ့။ သူ့အဖေဟာ သူကိုယ်ပိုင်လုပ်ငန်းစလုပ်မယ်လို့ ပြောခဲ့ပြီးတော့ 2 လအကြာမှာပဲ ဆုံးသွားခဲ့ပါတယ်။

ဘဝမှာ သူ့ career မှာ အောင်မြင်မှုတွေရလာချိန်မှာ သူ့အဖေကို ရှယ်ချင်တာအမှန်ပဲတဲ့။ သူ့အဖေသာရှိရင် အရမ်းဝမ်းသာဂုဏ်ယူနေမှာပါ။

🍣🥂ကျနော်ကတော့ #ကျနော့်အမျိုးသမီးနဲ့အတူစားချင်တယ်လို့ဖြေချင်ပါတယ်။ ကျနော့်ကို အနားလည်ဆုံးက သူပါ။

✍️ COVID ကြောင့် ဝေးကွာနေရသောအမျိုးသမီးသမီးအကြောင်းကို တွေးမိရင်း ဒီစာကိုရေးဖြစ်ပါတယ်။

အချိန်ရရင်လူငယ်တွေအတွက်ရေးပေးအုံးမှာပါ။ ကျောက်ကျိယန်ပြောသလိုပြောရရင်…

“We are already old, we do not matter anymore.”

ကျနော်ကတော့ it does matter လို့ပြောပါမယ်။ ဒါကြောင့်ရေးနေတာပါ။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
13-June-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •